အောက်တိုဘာ ၂၅
ဂျပန်နိုင်ငံတွင် အသက်ခြောက်လမှ လေးနှစ်အတွင်းအရွယ်ရှိကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထိုရောဂါကာကွယ်ဆေးများကို အောက်တိုဘာ ၂၄ ရက်တွင် ဖြန့်ဝေပေးပြီး နောက်တစ်နေ့တွင် ကာကွယ်ဆေးစတင်ထိုးနှံပေးမည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
အဆိုပါအသက်အရွယ်အုပ်စုများအား Pfizer ကာကွယ်ဆေးထိုးနှံမှုပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ယခုလတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
အသက်ငါးနှစ်အောက်အရွယ်ကလေးများအနေဖြင့် လူကြီးများထိုးနှံသည့်ကာကွယ်ဆေးပမာဏ၏ ဆယ်ပုံတစ်ပုံပါဝင်သည့် ကာကွယ်ဆေးကို သုံးကြိမ်ထိုးနှံရန်လိုအပ်သည်ဟု ထိုဝန်ကြီးဌာနတာဝန်ရှိသူများက ဆိုသည်။
နိုင်ငံတစ်ဝန်းရှိ အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ်ကလေးများအပါအဝင် ထိုရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီလက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို