တိုကျို  ဖေဖော်ဝါရီ  ၂

ဂျပန်နိုင်ငံ၌ ဆိုးရွားပြင်းထန်သော ဆောင်းရာသီဥတုအခြေအနေများနှင့် ဆီးနှင်းထူထပ်စွာကျဆင်းမှုနှင့် ဆက်စပ်သော ဖြစ်ရပ်များကြောင့် လွန်ခဲ့သည့်  ၁၄  ရက်အတွင်း ၂၇ ဦး သေဆုံးမှုဖြစ်ပွားကြောင်း မီးသတ်နှင့်ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက  ပြောကြားသည်။

ဖေဖော်ဝါရီ ၂ ရက်အထိ ရရှိထားသော စာရင်းဇယားများအရ ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ နိအိဂတာခရိုင်တွင်   ၁၂  ဦး၊ နိုင်ငံမြောက်ပိုင်း  အကိတာခရိုင်တွင် ခြောက်ဦး၊ ဟော့ကိုင်းဒိုးခရိုင်တွင် သုံးဦး၊  အိဝါတဲ၊ ယာမာဂတာနှင့် ရှိမာနဲခရိုင်တို့တွင် တစ်ဦးစီ သေဆုံးကြောင်း သိရသည်။

ဆီးနှင်းထူထပ်စွာ ကျဆင်းမှုနှင့် ဆက်စပ်သောဖြစ်ရပ်များကြောင့် လူပေါင်း ၂၉၀ မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ  ပြင်းထန်မှုရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ