ဩဂုတ် ၃၀
ဂျန်နိုင်ငံတွင် ဇူလိုင်လအတွင်း အလုပ်လက်မဲ့နှုန်း မြင့်တက်လာကြောင်း အစိုးရအဖွဲ့က ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အလုပ်လက်မဲ့နှုန်းသည် အစောပိုင်းလက ၂ ဒသမ ၅ ရာခိုင်နှုန်းအထက်ရှိရာမှ ၂ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်မှုရှိသည်ဟု ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
အလုပ်အကိုင်ရရှိနိုင်မှုအချိုးသည် ဇွန်လက ၀.၀၁ မှတ်မှ ၁.၂၄ မှတ်အထိ မြင့်တက်ခဲ့ရာ အလုပ်အကိုင်ရှာဖွေနေသူ အယောက် ၁၀၀ တိုင်းအတွက် အလုပ်အကိုင် ၁၂၄ ခုရှိကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။
ဇူလိုင်လတွင် အလုပ်အကိုင်အခြေအနေဆိုးရွားလာသည်ဟု လေ့လာသူများက ထောက်ပြသော်လည်း အလုပ်လက်မဲ့များအကြား ဆန္ဒအလျောက် အလုပ်ထွက်မှုများ မြင့်မားလာခြင်းကြောင့် လုပ်သားဈေးကွက်မတည်ငြိမ်မှု မြင့်မားလာနိုင်သည်ဟု အကြံပြုထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို