မတ် ၄

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း အီဝိတ်စီရင်စုတွင် ယနေ့အထိ ခြောက်ရက်ကြာတောမီးများလောင်ကျွမ်းလျက်ရှိရာ အိုဖန်နာတိုမြို့၏ ၈ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါတောမီးလောင်ကျွမ်းမှုသည် ယနေ့မနက် ၆ နာရီအချိန်အထိ မြေယာ ဟက်တာ ၂၆၀၀ နီးပါးရှိလာကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

မီးသတ်သမား ၂၀၀၀ ခန့်သည် မြေပြင်နှင့် ဝေဟင်မှ တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

ဆန်ရစ်ကုချိုနှင့် အာကာဆာကီချိုခရိုင်တို့တွင် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်အကြံပြုချက်ထုတ်ပြန်ထားကြောင်းနှင့် ယနေ့မနက် ၇ နာရီအချိန်အထိ ကယ်ဆယ်စခန်း ၁၂ ခုတွင် ခိုလှုံနေထိုင်သူ ၁၂၁၅ ဦးရှိသည်ဟု သိရသည်။

ခြောက်သွေ့သောအခြေအနေများ ယနေ့အထိဆက်လက်ဖြစ်ပေါ်နေမည်ဟု ယူဆရပြီး  သန်းခေါင်ယံဝန်းကျင်မှ မတ်လ ၅ ရက်အစောပိုင်းအထိ ဆီးနှင်းများကျရောက်ပြီး မွန်းတည့်ချိန်ဝန်းကျင်တွင် မိုးများဖြည်းဖြည်းချင်းရွာသွန်းမည်ဟု ယူဆရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို