မေ ၁၀
ဂျပန်နိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးမှုအရေအတွက်နှင့်ပတ်သက်ပြီး နေ့စဉ်အစီရင်ခံစာ ထုတ်ပြန်တော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။
ဂျပန်အစိုးရသည် ကိုဗစ်-၁၉၏ ဥပဒေအရသတ်မှတ်ချက်အဆင့်ကို ရာသီအလိုက်ဖြစ်ပွားသော တုပ်ကွေးရောဂါနှင့် တန်းတူအဖြစ် တနင်္လာနေ့မှာ အဆင့်လျှော့ချခဲ့သည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူနှင့်ကျန်းမာရေးအခြေအနေ ဆိုးရွားသူဦးရေတို့နှင့်ပတ်သက်သည့် နေ့စဉ် အစီရင်ခံစာကို ယမန်နေ့က နောက်ဆုံးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဂျပန်နိုင်ငံတစ်ဝှမ်းရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းပေါင်း ၅၀၀၀ သည် ယခင်အပတ်က မှတ်တမ်းတင်ထားသော အပတ်စဉ် ကူးစက်မှုအရေအတွက်ကို အစီရင်ခံရန် တောင်းဆိုမည်ဟု သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် မေလ ၁၉ ရက်နေ့မှ စတင်ကာ သောကြာနေ့တိုင်း ကိန်းဂဏန်းများကို ထုတ်ပြန်သွားမည်ဖြစ်သည်။
ထိုဝန်ကြီးဌာနက အတွင်းလူနာများနှင့် ကျန်းမာရေးအခြေအနေဆိုးရွားသူများအရေအတွက်ကို သီတင်းပတ်တိုင်း ထုတ်ပြန်ကြေညာသွားမည်ဟု ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ယင်းရောဂါဖြင့်သေဆုံးသူ ၂၅ ဦးရှိကြောင်းနှင့်ကျန်းမာရေးအခြေအနေဆိုးရွားသူ ၈၃ ဦးရှိကြောင်း အတည်ပြုခဲ့သည်။ ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ စုစုပေါင်း ၇၄၆၉၄ ဦး ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို