ဇန်နဝါရီ ၁၀
ဂျပန်နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၈၂၄၉ ဦးရှိသည်ဟု အတည်ပြုထားကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။ အိုဆာကာစီရင်စုတွင် တစ်ဦးသေဆုံးသွားသည်ဟု တာဝန်ရှိသူများက ဆိုသည်။
အိုကီနာဝါစီရင်စုအနောက်တောင်ဘက်တွင် ယမန်နေ့က ကိုဗစ်ကူးစက်ဖြစ်ပွားသူ ၁၅၃၃ ဦး ထပ်မံတွေ့ရှိခဲ့ရာ ထိုစီရင်တွင် ကူးစက်ဖြစ်ပွားသူဦးရေ ဒုတိယအများဆုံးနေ့ဖြစ်လာသည်။ ပြီးခဲ့သည့်နေ့က ကူးစက်ဖြစ်ပွားမှု ၁၇၅၉ ဦးဖြင့် စံချိန်တင်ခဲ့သည်။
အဆိုပါစီရင်စုရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွင် ယမန်နေ့က ထပ်မံကူးစက်ဖြစ်ပွားသူ ၄၂၉ ဦး ရှိသည်။
တိုကျိုမြို့တော်အစိုးရက မြို့တော်တွင် ယမန်နေ့က ရောဂါထပ်မံကူးစက်ခံရသူ ၁၂၂၃ ဦးရှိသည်ဟု ဖော်ပြထားသည်။
ရောဂါနေ့စဉ်ကူးစက်ဖြစ်ပွားမှုမှာ ပြီးခဲ့သည့်သီတင်းပတ်ကထက် ၁၄ ဆ ခန့် ပိုမိုမြင့်တက်လာသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို