ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ၉၀ ထပ်မံသေဆုံး

တိုကျို မတ် ၁၄

 

ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၀၉၄၀ ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါ ရောဂါကြောင့် ၉၀ ထပ်မံ သေဆုံးခဲ့ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

ယင်းတို့အနက် ၈၁၃၁ ဦးသည် တိုကျိုမြို့တော်မှဖြစ်ကြောင်း တိုကျိုဒေသန္တရ အစိုးရအဖွဲ့က အတည်ပြုပြောကြားသည်။

 

တိုကျိုမြို့၌ နေ့စဉ်ကူးစက်ခံရသူ အရေအတွက်သည် လွန်ခဲ့သော ရက်သတ္တပတ်ကထက် ၁၁၀၀ ကျော် ပိုမိုများပြားလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

 

လက်ရှိအချိန်အထိ နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅၇၂၀၃၉၄ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၂၆၀၂၉ ဦးရှိသည်။ ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၅၁၀၇၈၀၆ ဦးရှိကြောင်း သိရသည်။ လက်ရှိအချိန်အထိ ရောဂါပြင်းထန်စွာခံစားနေရသူပေါင်း ၁၁၇၅ ဦး ရှိသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်