ဖေဖော်ဝါရီ ၂၃
ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၆၅၄ ဦး ထပ်မံတွေ့ရှိသဖြင့် ကူးစက်မှုပေါင်း ၃၃ ဒသမ ၁ သန်းအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၁၄ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၇၁၈၁၇ ဦးရှိကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုသတင်းထုတ်ပြန်ထားသည်။
ထိုရောဂါကူးစက်ခံရသူများအနက် ကူးစက်ခံရသူ ၁၁၉၅ ဦးသည် မြို့တော်တိုကျိုမှဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းရောဂါဖြင့်သေဆုံးသူ ၁၁၄ ဦးတွင် မြို့တော်မှ သေဆုံးသူ ၁၂ ဦးပါဝင်သည်ဟုလည်း တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို