မတ် ၁၀

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူ ၈၀ ထပ်မံသေဆုံးခဲ့သဖြင့် ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၇၂၉၁၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၉၈၃၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ ထိုရောဂါကူးစက်ခံရသူပေါင်း ၃၃ ဒသမ ၃ သန်းရှိလာသည်ဟု သိရသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၇၉၄ ဦးသည် မြို့တော်တိုကျိုမှဖြစ်ကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုဖော်ပြထားသည်။

ထိုရောဂါကူးစက်ခံရသူများအနက် ကျန်းမာရေးအခြေအနေဆိုးရွားသဖြင့် အသက်ရှုအထောက်အကူပြုကိရိယာတပ်ဆင်ရသူ ရှစ်ဦးရှိသည်ဟု သိရသည်။

ယင်းရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူများတွင် မြို့တော်မှသေဆုံးသူ ငါးဦးပါဝင်သည်။s

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို