ဧပြီ ၂၁

 

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၀၇၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် နိုင်ငံတစ်ဝန်းတွင် ၂၄ ဦးထပ်မံသေဆုံးခဲ့သည်။

 

ထိုရောဂါထပ်မံကူးစက်ခံရသူများတွင် မြို့တော်တိုကျိုမှကူးစက်ဖြစ်ပွားသူ ၁၄၄၁ ဦးပါဝင်သည်။

 

ရောဂါကူးစက်မှုအရေအတွက်သည် လွန်ခဲ့သောသီတင်းပတ်ကထက် ၂၂၆ ဦး ပိုမိုခဲ့သည်။

 

ယင်းရောဂါဖြင့်သေဆုံးသူများအနက် တိုကျိုမှ သေဆုံးသူ နှစ်ဦးရှိသည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို