မတ် ၃
ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၅၀၆ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၃ ဒသမ ၂ သန်းရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၈၇ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၇၂၄၉၄ ဦး ရှိလာသည်ဟု သိရသည်။
ထိုရောဂါကူးစက်ခံရသူများအနက် ၉၅၂ ဦးသည် မြို့တော်တိုကျိုမှဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်ကူးစက်မှုမှ ၁၂၀ လျော့ကျလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြို့တော်တွင် ယင်းရောဂါဖြင့်သေဆုံးသူ သုံးဦးရှိကြောင်း အတည်ပြုသတင်းထုတ်ပြန်ထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို