ဧပြီ ၁၉

 

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၅၈၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၀ ရှိသည်ဟု သိရသည်။

 

ထိုရောဂါကူးစက်ခံရသူများအနက် ကျန်းမာရေးအခြေအနေဆိုးရွားသူ ၅၅ ဦး ရှိကြောင်း ဖော်ပြထားသည်။

 

ပြီးခဲ့သည့်သီတင်းပတ်နှင့်နှိုင်းယှဉ်ပါက ခရိုင် ၃၇ ခုတွင် ရောဂါကူးစက်မှုအရေအတွက် မြင့်တက်လာပြီး အခြားခရိုင် ၁၀ ခုတွင် ကူးစက်မှုအရေအတွက် ကျဆင်းလာသည်ဟု သိရသည်။

 

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၆၉၆ ဦးသည် မြို့တော်တိုကျိုမှဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်ကထက် ၂၀၆ ဦး မြင့်တက်ခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

မြို့တော်တွင် ကူးစက်မှုအရေအတွက် ၁၅၀၀ ကျော်ရှိလာသည်မှာ နှစ်လအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို