မတ် ၈

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၀၁၄ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ထိုရောဂါကူးစက်ခံရသူပေါင်း ၃၃ ဒသမ ၃ သန်းရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၃၅ ဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၇၂၈၄၈ ဦး အထိရှိသည်ဟု သိရသည်။

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၉၈၉ ဦးသည် မြို့တော်တိုကျိုမှဖြစ်ကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုဖော်ပြထားသည်။

၎င်းရောဂါကူးစက်ဖြစ်ပွားသူများအနက် ရှစ်ဦးသည် ကျန်းမာရေးအခြေအနေဆိုးရွားသဖြင့် အသက်ရှုအထောက်အကူပြု ကိရိယာတပ်ဆင်ထားရသည်။

ယင်းရောဂါဖြင့်ထပ်မံသေဆုံးသူများအနက် တစ်ဦးသည် မြို့တော်မှဖြစ်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို