ဖေဖော်ဝါရီ ၂၇

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၃၉၉ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ထိုရောဂါကူးစက်ခံရသူပေါင်း ၃၃ ဒသမ ၂ သန်းရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ယင်းရောဂါဖြင့် ၆၂ ဦး ထပ်မံသေဆုံးခဲ့သဖြင့် ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၇၂၂၁၄ ဦးရှိိသည်ဟု သိရသည်။

ထိုရောဂါထပ်မံကူးစက်ခံရသူများတွင် မြို့တော်တိုကျိုမှ ကူးစက်မှုဖြစ်ပွားသူ ၈၁၀ ပါဝင်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

 မြို့တော်တွင် ယင်းရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၂ ဦးရှိကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို