မတ် ၁

 

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၅၂၄ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ထိုရောဂါကူးစက်ခံရသူပေါင်း ၃၃ ဒသမ ၂ သန်းရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၆၇ ဦး ထပ်မံသေဆုံးခဲ့ရာ ယင်းရောဂါဖြင့်သေဆုံးသူပေါင်း  ၇၂၃၂၈ ဦးရှိကြောင်း ထိုဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ထိုရောဂါကူးစက်ခံရသူများအနက် ၁၁၈၁ ဦးသည် မြို့တော်တိုကျိုမှဖြစ်ပြီး ပြီးခဲ့သည်သီတင်းပတ်ကူးစက်မှုမှ ကူးစက်မှု အရေအတွက်  ၂၇၀ လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။

 

ရောဂါကူးစက်မှုပြင်းထန်သဖြင့် အသက်ရှုအထောက်အကူပြုကိရိယာအသုံးပြုသူ ၁၃ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနကအတည်ပြုသတင်းဖော်ပြထားသည်။

 

ယင်းရောဂါဖြင့်ထပ်မံသေဆုံးသူ ၆၇ ဦးအနက် နှစ်ဦးသည် မြို့တော်မှဖြစ်သည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို