ဧပြီ ၄

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၁၅ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၄၂၀ ဦးသည် တိုကျိုမြို့မှဖြစ်ကြောင်းဖော်ပြထားသည်။ ရောဂါနေ့စဉ် ကူးစက်မှုသည် ပြီးခဲ့သည့်သီတင်းပတ်ကထက် ၆၅ ဦး ပိုမိုများပြားခဲ့သည်။

ထပ်မံသေဆုံးသူများတွင် မြို့တော်မှ ယင်းရောဂါဖြင့် သေဆုံးသူတစ်ဦးပါဝင်ကြောင်း ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

၎င်းရောဂါကူးစက်ခံရသူများအနက် ကျန်းမာရေးအခြေအနေဆိုးရွားသဖြင့် အသက်ရှုအထောက်အကူပြုကိရိယာ တပ်ဆင်ထားသူ လေးဦးရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို