ဧပြီ ၅
ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၄၀၆ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၄ ဦး ထပ်မံသေဆုံးခဲ့သည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများတွင် မြို့တော်တိုကျိုမှ ကူးစက်ဖြစ်ပွားသူ ၁၃၅၇ ဦးပါဝင်သည်ဟု အတည်ပြုထုတ်ပြန်ထားသည်။
ထိုရောဂါနေ့စဉ်ကူးစက်မှုသည် ပြီးခဲ့သည့်သီတင်းပတ်ကထက် ၃၅၆ ဦးပိုမိုဖြစ်ပွားခဲ့သည်။ ရောဂါကူးစက်မှု အခြေအနေစိုးရိမ်ရသဖြင့် အသက်ရှုအထောက်အကူပြုကိရိယာတပ်ဆင်ထားသူ သုံးဦးရှိသည်ဟု သိရသည်။
မြို့တော်တွင် ယင်းရောဂါဖြင့်ထပ်မံသေဆုံးသူမရှိကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို