တိုကျို၊ ဇန်နဝါရီ ၈
ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် စံချိန်တင် သေဆုံးမှုဆိုင်ရာ အစီရင်ခံစာများထွက်ပေါ်လာပြီး တစ်ရက်လျှင် လူ ၄၀၀ ကျော်သေဆုံးလျက်ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။
ဇန်နဝါရီ ၈ ရက်တွင် သေဆုံးသူအရေအတွက်သည် မကြာသေးမီရက်များကထက် အနည်းငယ်လျော့ကျခဲ့သော်လည်း လာမည့်ရက်သတ္တပတ်များတွင် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။
လွန်ခဲ့သောတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၄၀၇ ဦးရှိကြောင်း ကျန်းမာရေး အရာရှိများက ယနေ့အတည်ပြုခဲ့သည်။
အီချိဗဟိုစီရင်စုသည် ဂျပန်နိုင်ငံရှိ စီရင်စု ၄၇ ခုအနက် အဆိုပါရောဂါကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက် အများဆုံးဖြစ်သည်။ မြို့တော်တိုကျို၌ သေဆုံးသူ ၃၀ ရှိသည်။
အလားတူ လွန်ခဲ့သောတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၀၀၀၀ ကျော် ထပ်မံ စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အဋ္ဌမမြောက်လှိုင်းကို ရင်ဆိုင်နေရသည်။ သို့သော် ရောဂါကူးစက်မှု မြင့်တက်မှုသည် ပြီးခဲ့သည့်နွေရာသီကာလက အရေအတွက်အထိ မရောက်ရှိနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်း ပြောကြားသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်