ဖေဖော်ဝါရီ ၂၁
ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၇၀၂၀ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။
အဆိုပါကူးစက်မှုအရေအတွက်သည် ဇွန်လနောက်ပိုင်း နိုင်ငံတစ်ဝန်း ရောဂါနေ့စဉ်ကူးစက်မှုတွင် ကူးစက်မှုအနည်းဆုံး ဖြစ်လာသည်။
နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၁ ဦးရှိကြောင်းနှင့် ယင်းရောဂါဖြင့် နေ့စဉ်သေဆုံးမှုမှာ နိုဝင်ဘာလနောက်ပိုင်း သေဆုံးမှုအနည်းဆုံးဖြစ်သည်ဟု တာဝန်ရှိသူများက ဖော်ပြထားသည်။
တိုကျိုမြို့တော်တွင် ရောဂါကူးစက်ခံရသူဦးရေ ၅၁၀ ရှိရာ နိုင်ငံအတွင်းရှိ ခရိုင် ၄၇ ခုရှိသည့်အနက် ယင်းဒေသတွင် ကူးစက်မှုအများဆုံးဖြစ်သည်။
ထိုရောဂါကူးစက်မှုအရေအတွက်သည် ပြီးခဲ့သည့်သီတင်းပတ်ကကူးစက်မှုထက် ကူးစက်ခံရသူဦးရေ ၃၀၀ လျော့နည်းခဲ့သည်။
ယင်းရောဂါဖြင့်သေဆုံးသူများတွင် မြို့တော်မှသေဆုံးသူ ရှစ်ဦးပါဝင်သည်ဟုလည်း အတည်ပြုထုတ်ပြန်ထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို