တိုကျို ဖေဖော်ဝါရီ ၂၁

 

ဂျပန်နိုင်ငံ၌ ဆေးဘက်ဆိုင်ရာ ၊ အဖွဲ့အစည်းများနှင့် မြို့နယ်များတွင် အသက် ငါးနှစ်မှ ၁၁နှစ်ကြား ကလေးများကို ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပေးတော့မည် ဟုသိရသည်။ အဆိုပါ အသက်အရွယ်အုပ်စုကို ကာကွယ်ဆေးထိုးပေးသည့်အစီအစဉ်အား ဖေဖော် ဝါရီ ၂၁ ရက်မှစတင်ကာ ပြည်သူ လူထုကို ကာကွယ်ဆေးထိုးပေးသည့်အစီအစဉ်တွင် ထည့်သွင်းခဲ့သည်။ မေလအတွင်း တစ်နိုင်ငံလုံးအနှံ့ ကိုဗစ်-၁၉ကာကွယ်ဆေး ၁၂ သန်းကို ဖြန့်ဝေသွားရန် အစိုးရက စီစဉ်ထားသည်။ ယခုလအစောပိုင်းမှ စတင်ကာ အချို့သောနေရာများတွင် ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်ကို စတင်ရန် မျှော်မှန်းထားသည်။ အသက် ငါးနှစ်မှ ၁၁နှစ်ကြားကလေးများကို ကာကွယ် ဆေးထိုးပေးရာတွင် အသက် ၁၂ နှစ်နှင့်အထက်များကို ထိုးပေးသည့် ကာကွယ်ဆေးပမာဏ၏ သုံးပုံပုံတစ်ပုံသာ ပါဝင်မည် ဖြစ်သည်။

 

ကလေးများကို သုံးပတ်စီ ခြားကာ နှစ်ကြိမ်ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။ ကျောင်းများတွင် အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်းများကိုမူ အစိုးရကထောက်ခံပေးထားခြင်း မရှိချေ။ အချို့သော မြို့နယ်များတွင် ကလေးများကိုကာကွယ်ဆေးထိုးပေးရန် ဆရာဝန်များနှင့် သူနာပြုအင်အား မလုံလောက်မည်ကို စိုးရိမ်နေကြရသည်။

 

အင်န်အိတ်ချ်ကေ