ဩဂုတ် ၁၉

ဂျပန်နိုင်ငံ၌ လေထုမငြိမ်သက်မှုအခြေအနေများကြောင့် မိုးထစ်ချုန်းရွာသွန်းဖွယ်ရှိပြီး ရှီကိုကူနှင့် ကျူရှူဒေသများ၊ အရှေ့ပိုင်းနှင့်အနောက်ပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နေကြောင်း မိုးလေဝသဌာနက ယနေ့တွင် ပြောကြားသည်။

နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်းသို့ လေအေးများတိုက်ခတ်လျက်ရှိသည်ဟု မိုးလေဝသအေဂျင်စီက ဆိုသည်။ ကိုချီစီရင်စုရှိ ရှီမန်တိုမြို့တွင် မိုးရေချိန် ၃၀  မီလီမီတာနှင့် မီရာဇာကီမြို့တွင် မိုးရေချိန် ၃၀ ဒသမ ၅ မီလီမီတာဖြင့် စံချိန်တင်ခဲ့သည်ဟု ထိုအေဂျင်စီကပြောသည်။

 မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ရုတ်တရက်မြစ်ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် လေဆင်နှာမောင်းများအပါအဝင်လေပြင်းတိုက်ခတ်ခြင်းများလည်းဖြစ်ပေါ်နိုင်သည်ဟု အေဂျင်စီက သတိပေးပြောကြား ထားသည်။

နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင် ပြင်းထန်သောအပူချိန်များဆက်လက်ဖြစ်ပေါ်လျက်ရှိရာ နိုင်ငံအတွင်းရှိစီရင်စု ၄၇ ခုအနက် စီရင်စု ၁၉ ခုတွင် အပူလျှပ်မှုအန္တရာယ်နှင့်ပတ်သက်ပြီး သတိပေးချက်များထုတ်ပြန်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို