ဇူလိုင် ၁၃

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူရှူဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားသုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဇူလှိုင် ၁၁ရက်နေ့ကဖော်ပြထားသည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် အခြားသောသဘာဝဘေးအန္တရာယ်များနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် ဖူကူအိုအာ၊ ဆာဂါနှင့် အိုအီတာစီရင်စုများတွင် ခြောက်ဦးသေဆုံးခဲ့ပြီး သုံးဦးပျောက်ဆုံးလျက်ရှိရှိသည်ဟု အင်န်အိတ်ချ်ကေ ရုပ်သံလွှင့်ဌာနကဖော်ပြထားသည်။

ဆာဂါစီရင်စုတွင် မြေပြိုမှုကြောင့် နှစ်အိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ ဟီရိုကာဝါမြို့ရှိ အသက် ၇၀ အရွယ်အမျိုးသားတစ်ဦး၏ ထရပ်ကားတစ်စီးရေလွှမ်းမိုးခံရသဖြင့် ကယ်ဆယ်ခဲ့ပြီးနောက် ဆေးရုံတွင် သေဆုံးသွားကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

ဖူကူအိုကာစီရင်စုတွင် မြေပြိုမှုဖြစ်ပွားသဖြင့် အသက် ၇၇ နှစ်အရွယ်အမျိုးသမီးတစ်ဦး၏နေအိမ်ထိခိုက်မှုဖြစ်ပွားကာ သေဆုံးသွားခဲ့သည်။

ထိုစီရင်စုတွင် အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးအပါအဝင် အခြားသုံးဦးလည်းသေဆုံးသွားခဲ့သည်။

ကူရူမီမြို့တွင် မြေပြိုမှုဖြစ်ပွားသဖြင့် နေအိမ်အများအပြား ထိခိုက်ခဲ့ပြီးနောက် အသက် ၇၀ အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို