ဂျပန်နိုင်ငံတောင်ပိုင်း ကူရှူးကျွန်းနှင့် အခြားနေရာဒေသများတွင်း မိုးများ ပြင်းထန်စွာ ဆက်လက်ရွာသွန်းလျက်ရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်များ ထုတ်ပြန်ထားသည်။

တနင်္လာနေ့မွန်းလွဲပိုင်းမှ စပြီး ကာဂိုရှီးမား စီရင်စုတွင် ၂၄နာရီအတွင်း မိုးရွာသွန်းမှုပေါင်း ၃၂၀ မီလီမီတာအထိ ရောက်ရှိခဲ့သည်။ ဇူလိုင်လ တစ်လလုံး၏ ပုံမှန်ရွာသွန်းမှုထက်  ပိုမိုရွာသွန်းခဲ့သည်။ 

ကျူရှုးကျွန်း၏ အရှေ့ဘက်တွင် အင်္ဂါနေ့အထိ မိုးသည်းထန်းစွာ ရွာသွန်းမည်ဟု ခန့်မှန်းထားသည်။

ကြာသပတေးနေ့တွင် ဂျပန်နိုင်ငံအနောက်ပိုင်း အခြားဒေသများနှင့် ကျုရှုးကျွန်း တို့သို့ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသတာဝန်ရှိသူများက သတိပေးချက်ထုတ်ပြန်ထားသည်။

လေဆင်နှာမောင်းနှင့် မိုးသက်မုန်တိုင်းများ ဖြစ်ပွားနိုင်ပြီး မြေနိမ့်ပိုင်းတွင် နေထိုင်သူများအဖို့ ရေကြီး၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်လျက်ရှိသည်။

 

mdn

 

အီမဲ၊ ကူမာမိုတိုနှင့် ကာဂိုရှီးမားစီရင်စုတို့တွင် နေထိုင်သည့် ထောင်ပေါင်းများစွာသော ပြည်သူများအတွက် ဘေးကင်းရာသို့ရွှေ့ပြောင်းရန် အကြံပြုချက်များ ထုတ်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းတွင် ယခုတိုင် မိုးသည်ထန်စွာ ရွာသွန်းလျက်ရှိပြီး အိမ်ထောင်စု ၃၉၆၀ဝ၀မှ လူပေါင်း ၈၄၈၀ဝ၀ ဦးနှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့သည်။  

ဘေးလွှတ်ရာသို့ ရွေ့ပြောင်းရန် အတွက် ကာဂိုရှီးမား၊ ကူမာမိုတိုနှင့် အီမဲစီရင်စုတွင် နေထိုင်သူများကို အကြံပေးလျက်ရှိသည်။

အဆိုပါ ဒေသတွင် နေထိုင်သူများအား လုံခြုံသော မုန်တိုင်းရှောင်စခန်းများသို့ ပြောင်းရွေ့ပေးရန်  တာဝန်ရှိသူများက တောင်းဆိုလျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn