ဖေဖော်ဝါရီ ၁၀
ဂျပန်နိုင်ငံတွင် နှင်းထူထပ်စွာကျဆင်းသဖြင့် လေကြောင်းခရီးစဉ် ၁၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။
မြို့တော်တိုကျိုနှင့် အခြားသော ကန်တို-ကိုချင်းဒေသများတွင် ဂျပန်လေကြောင်းကုမ္ပဏီက ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်ဟု ဖော်ပြထားသည်။
အဆိုပါဒေသများတွင် နှင်းများထူထပ်စွာကျဆင်းသဖြင့် လေကြောင်းခရီးစဉ် ၁၁၈ ခု ပယ်ဖျက်ခဲ့ရသည်။
အရှေ့ဂျပန်ရထားကုမ္ပဏီက ဖူကူရှီးမားနှင့် ချင်ဂျိုဘူတာရုံများအကြား ယာမာဂါတာချင်ကန်ဆန် ကျည်ဆံရထားလိုင်းပြေးဆွဲမှုကို သောကြာနေ့ညနေပိုင်းမှစတင်ရပ်ဆိုင်းရန် စီစဉ်ထားသည်ဟု ဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို