ဧပြီ ၂၁
ဂျပန်နိုင်ငံ အိုဂါဆာဝါရာကျွန်းတွင် ပြင်းအား ၅ ဒသမ ၆ ပမာဏရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (ဂျေအမ်အေ)က ယနေ့တွင် ပြောကြားသည်။
အဆိုပါငလျင်လှုပ်ခတ်မှုသည် ချီချီဂျီမာကျွန်းနှင့်ကပ်လျင် အနက် ၁၀ ကီလိုမီတာတွင် ညနေ ၄ နာရီ ၂၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံတွင် ငလျင်ပြင်းအားစကေးအမြင့်ဆုံးအဆင့် ခုနစ်ထားရှိရာ အဆင့်လေးသတ်မှတ်ထားသည်ဟု သိရသည်။
ငလျင်ဗဟိုချက်သည် မြောက်လတ္တီကျု့ ၂၇ ဒသမ သုည ဒီဂရီနှင့် အရှေ့လောင်ဂျီကျု့ ၁၄၁ ဒသမ ၅ ဒီဂရီတွင် တည်ရှိသည်။
ထိုအေဂျင်စီက ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို