တိုကျို ၁၅ ဇွန်

 

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၃ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းငလျင်တစ်ခု ဇွန် ၁၄ ရက်အစောပိုင်းက လှုပ်သွားခဲ့ကြောင်း သိရသည်။ သို့ရာတွင် ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်နိုင်မှု သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

 

ငလျင်သည် ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကာဂိုရှီးမားခရိုင် အမာမီအိုရှီမာကျွန်းအနီးရှိ ကျွန်းငယ်တစ်ခုပေါ်တွင် ဇွန် ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်က လှုပ်သွားခဲ့ပြီး အဆိုပါကျွန်း၏အောက်ဘက် ၁၆၀ ကီလိုမီတာအကွာကို ဗဟိုပြုလျက်လှုပ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ဖော်ပြသည်။

 

ငလျင်ကြောင့်ဖြစ်ပွားသည့် တုန်ခါမှုသည် အိုကီနာဝါစီရင်စု၌သာမက ဂျပန်နိုင်ငံတောင်ဘက်စူးစူးရှိ ကျူရှူကျွန်း၌ပါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လတ်တလောတွင် ငလျင်လှုပ်ခြင်းကြောင့် ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုအခြေအနေများနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်မှုများ မရှိသေးကြောင်း သိရသည်။

 

ကျိုဒိုနယူးစ်