မေ ၅
ဂျပန်နိုင်ငံအလယ်ပိုင်းနှင့် အနီးဝန်းကျင်ဒေသများ၏ ဂျပန်ပင်လယ်ဘက်ခြမ်း အီရှီကာဝါစီရင်စုတွင် ယနေ့ ပြင်းအား ၆ ဒဿမ ၃ ပမာဏရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ပြောကြားသည်။
အဆိုပါငလျင်သည် ဒေသစံတော်ချိန် ညနေ ၂ နာရီ ၄၂ မိနစ်က အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသအေဂျင်စီကဆိုသည်။
ထိုအေဂျင်စီ၏ ပြောကြားချက်အရ ဆူနာမီသတိပေးချက်မရှိသော်လည်း ပင်လယ်ရေမျက်နှာပြင်သည် ၂၀ စင်တီမီတာအောက်တွင် အပြောင်းအလဲဖြစ်ပေါ်လာနိုင်သည်ဟု သိရသည်။
အီရှီကာဝါစီရင်စုရှိ ရှီကာနျူကလီးယားစက်ရုံနှင့် နီဂါတာစီရင်စုအနီးနားရှိ ကာရှီဝါဇာကီ-ကာရီဝါနျူကလီးယားစက်ရုံတို့တွင် ပုံမှန်မဟုတ်သောအခြေအနေများကို တွေ့ရှိခြင်းမရှိကြောင်း ကျိုဒိုနယူးစ်သတင်းဌာနက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို