တိုကျို ဇူလိုင် ၉
ဂျပန်နိုင်ငံအနောက်ပိုင်း ဝါကာယာမာစီရင်စုတွင် တာဝန်ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ဝင် များအား အပူဒဏ်ကိုခံနိုင်ရည်ရှိစေရေးအတွက် အစီအမံများဆောင်ရွက်ခဲ့ကြောင်း ယနေ့ အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။
ယင်းစီရင်စုအတွင်းလက်ရှိအချိန်တွင် အပူဒဏ်ကာကွယ်ရေး သတိပေးချက်များထုတ်ပြန်ထားသည်။ တာဝန် ထမ်းဆောင်မည့်ရဲတပ်ဖွဲ့ဝင်များအား လည်ပင်းတွင် အအေးဓာတ်ပေးနိုင် သည့်ကိရိယာကို ဝတ်ဆင်စေခဲ့သည်။ ထို့ပြင် ပူပြင်းသည့်အချိန်များတွင် ကင်းလှည့်ကားများ အတွင်းနားနေရန်နှင့် ရေအများအပြားသောက်ရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။ ကင်းလှည့်ချိန်များတွင် လိုအပ်ပါက နီးစပ်ရာကုန်ပဒေသာဆိုင်များတွင် ရေဝယ်ယူသောက်သုံး ရန်လည်း ထပ်လောင်းညွှန်ကြားခဲ့သည်။ နွေရာသီတွင်တာဝန်ထမ်းဆောင်ရသည်မှာ မိမိ အတွက် စိန်ခေါ်မှုဖြစ်လာပြီး လည်ပင်းရှိ အအေးဓာတ်ပေးကိရိယာကြောင့်သာ တာဝန်ကို ပေါ့ပါးစွာထမ်းဆောင်နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ ပူပြင်းသည့်အပူချိန်အောက်တွင် တာဝန်ထမ်းဆောင်ရသည့် ရဲတပ်ဖွဲ့ဝင်များ အတွက် ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ ဂျပန်နိုင်ငံရှိ ရောဂါခုခံနိုင်စွမ်းနည်းပါးသည့် ကလေးများနှင့် သက်ကြီး ရွယ်အိုများကိုလည်း အပူချိန်မြင့်မားသည့်အတွက် သတိပြုနေထိုင်ရန် တာဝန်ရှိသူများက သတိပေးပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊
ဘာသာပြန် - အောင်ကျော်ကျော်