တိုကျို   ဇွန်  ၂၂

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကီရီရှီမာတောင်တန်း၌တည်ရှိသော ရှင်မိုးမီးတောင်သည် ယနေ့ ပေါက်ကွဲခဲ့ကြောင်း  သိရသည်။

အဆိုပါ   ရှင်မိုးမီးတောင်သည် လွန်ခဲ့သော ခုနစ်နှစ်ခန့်ကလည်း အလားတူပေါက်ကွဲခဲ့သည်။

ဇွန် ၂၂ ရက် မွန်းလွဲ ၄ နာရီ ၃၇ မိနစ်တွင် ပေါက်ကွဲခဲ့ပြီး ကောင်းကင်အထက် မီတာ ၅၀၀ ခန့်အထိ မီးခိုးပြာများ  မှုတ်ထုတ်ခဲ့ကြောင်း  ကာဂိုရှီးမား မိုးလေဝသဌာနက  ပြောကြားသည်။

မီးတောင်မှ မီးခိုးပြာများလွင့်စင်ပျံတက်နေပုံကို မှတ်တမ်းဗီဒီယိုများတွင်  တွေ့မြင်နိုင်သည်။

ရှင်မိုးမီးတောင်ပေါက်ကွဲမှုဆိုင်ရာ သတိပေးချက်ကို အဆင့် ၃ မှ ၂ သို့ လွန်ခဲ့သောလက တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားသည်။

မီးတောင်နှင့်အနီးတစ်ဝိုက်သို့ ချော်ရည်များနှင့် ကျောက်တုံးများ  ကျရောက်လာနိုင်သည့်အတွက် သတိပြုနေထိုင်ကြရန် ဒေသခံများကို တာဝန်ရှိသူများက သတိပေးပြောကြားသည်။

၂၀၁၈ ခုနှစ်တွင် မီးတောင်မှ ကျောက်တုံးကြီးများနှင့် ချော်ရည်များ လွင့်စင်ကျရောက်ခဲ့ပြီး ထိခိုက် ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်