ဇူလိုင် ၂၄
ဂျပန်နိုင်ငံ အိုဆာကာစီရင်စုရှိ ကန်စိုင်းနိုင်ငံတကာလေဆိပ်သို့ဦးတည်သွားနေသော ရထားတစ်စီးပေါ်တွင် ဓားထိုးခံရမှုကြောင့် သုံးဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါဓားထိုးခံရမှုကြောင့် ဒဏ်ရာရရှိသူများသည် အသက်အန္တရာယ်စိုးရိမ်ရမှုမရှိဟု ရဲတပ်ဖွဲ့ကဆိုသည်။
အီဇူမီစာနိုမြို့ရှိ ရင်ကူမြို့ဘူတာရုံရှိ ရထားအလုပ်သမားတစ်ဦးက ယမန်နေ့မနက် ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်က လူတစ်ဦး မျက်နှာတွင်ဓားထိုးခံရကြောင်း အရေးပေါ်ဖုန်းခေါ်ဆိုခဲ့သည်။
လက်မှတ်ရောင်းသူတစ်ဦးနှင့် ခရီးသည်နှစ်ဦးတို့၏ မျက်နှာ၊ လက်ကောက်ဝတ်နှင့် အခြားနေရာများတွင် ဓားဖြင့်အထိုးခံရသဖြင့် ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ရဲတပ်ဖွဲ့က လူသတ်ရန်ကြံစည်အားထုတ်မှုသံသယရှိသူအဖြစ် ဘူတာရုံပလက်ဖောင်းပေါ်ရှိ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်။
ထိုမတော်တဆမှုကြောင့် ရထားလိုင်းပြေးဆွဲမှုကို ယာယီဆိုင်းငံ့ထားသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို