ဖေဖော်ဝါရီ ၂၂

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၂၀၂ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ထိုရောဂါကူးစက်ခံရသူပေါင်း ၃၃ ဒသမ ၁ သန်း‌အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၇၂ ဦးထပ်မံသေဆုံးခဲ့သောကြောင့် ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၇၁၇၄၅ ဦးအထိမြင့်တက်လာသည်ဟုလည်း တာဝန်ရှိသူများက ပြောကြားသည်။

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၄၅၁ ဦးမှာ မြို့တော်တိုကျိုမှဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောသည်။

ယင်းရောဂါကူးစက်မှုအရေအတွက်မှာ ပြီးခဲ့သည့်သီတင်းပတ်ကထက် ၇၈၁ ဦး လျော့ကျလာကြောင်းတွေ့ရသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးခဲ့သူများအနက် ကိုးဦးမှာ မြို့တော်မှဖြစ်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို