ဇန်နဝါရီ ၆
ဂျပန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၆၉၀၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က အတည်ပြုထုတ်ပြန်ခဲ့သည်။
အဆိုပါကူးစက်မှုသည် ပြီးခဲ့သည့်အောက်တိုဘာလမှစတင်ဖြစ်ပွားခဲ့သော ရှစ်ကြိမ်မြောက်ကူးစက်မှုလှိုင်းတွင် ကူးစက်မှုအရေအတွက် အမြင့်မားဆုံးနေ့ဖြစ်လာခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်မှုနှင့်ဆက်စပ်သေဆုံးသူ ၃၃၄ ဦးရှိသည်ဟု သိရသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသူဦးရေ ၆၅၀ ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို