ဖေဖော်ဝါရီ ၁၅
ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၇၀၃ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၃၅ ဦး ထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။
မြို့တော်တိုကျိုတွင် ထိုရောဂါကူးစက်ခံရသူ ၂၂၃၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် ရောဂါကူးစက်မှုလျော့ကျလာသည်မှာ ၂၈ ရက်ဆက်တိုက်ရှိပြီ ဖြစ်ကြောင်း ထိုဝန်ကြီးဌာနကအတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။
မြို့တော်တွင် ယင်းရောဂါဖြင့် သေဆုံးသူ ရှစ်ဦးရှိကြောင်းကိုလည်း ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို