ဖေဖော်ဝါရီ ၂၇
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း အီဝါတီစီရင်စုရှိ အိုဖန်နာတိုမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းကတောမီးများစတင်လောင်ကျွမ်းပြီး တောမီးများဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါတောမီးလောင်မှုကြောင့် နေအိမ် ၈၄ လုံးထက်မနည်းနှင့် အခြားသောအဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ယင်းမြို့တာဝန်ရှိသူများကဆိုသည်။
ထိုတောမီးသည် ယမန်နေ့ည ၅ နာရီအထိ မြေဟက်တာ ၆၀၀ ကျော်ကို လောင်ကျွမ်းခဲ့သည်ဟု ဖော်ပြထားသည်။ အတ်တာရီခရိုင် အိမ်ထောင်စု ၂၃ စုရှိ ၅၄ ဦးနှင့် စန်ရီကူချိုရိုရီရှိဒေသအားလုံး၏အိမ်ထောင်စုပေါင်း ၈၅၀ရှိ လူပေါင်း ၂၀၆၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း အိုဖန်နာတိုအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ ယမန်နေ့ည ၁၀ နာရီအချိန်အထိ ကယ်ဆယ်ရေးစင်တာများတွင် ခိုလှုံနေသူ ၅၈၄ ဦး ရှိသည်ဟု သိရသည်။
ရဲတပ်ဖွဲ့နှင့်မီးသတ်သမားများက ယင်းနေရာတွင် ထိခိုက်ဒဏ်ရာရရှိသူရှိ၊ မရှိ ရှာဖွေစစ်ဆေးမှုလုပ်ဆောင်လျက်ရှိပြီး မီးသတ်သမားများက လူနေဒေသအနီးဝန်းကျင်များတွင် မီးငြှိမ်းသတ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များက ရဟတ်ယာဉ်များဖြင့် ယနေ့အစောပိုင်းစတင်ကာ ရေများပက်ဖျန်းငြှိမ်းသတ်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
တာဟာမာခရိုင်တွင် ဖေဖော်ဝါရီ ၁၉ ရက်က တောမီးလောင်မှုဖြစ်ပွားခဲ့ရာ မီးကိုငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်သမားများက ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို