တိုကျို  ဇွန်  ၁

၂၀၂၄ ခုနှစ်အတွင်း   နိုင်ငံတစ်ဝန်း  လုပ်ငန်းခွင်မတော်တဆမှုကြောင့် နိုင်ငံခြားလုပ်သား ၆၀၀၀ ကျော် ထိခိုက်ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု ဂျပန်အစိုးရ စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ ယင်းကဲ့သို့ နိုင်ငံခြားလုပ်သား  ထိခိုက်သေဆုံးမှုမှာ  ၁၃  နှစ်ဆက်တိုက် မြင့်တက်လာခြင်း ဖြစ်သည်။

ယမန်နှစ်က လုပ်ငန်းခွင်မတော်တဆမှုကြောင့် နိုင်ငံခြားလုပ်သား ၃၉ ဦး  သေဆုံးကြောင်း  အလုပ်သမားဝန်ကြီးဌာနက   ပြောသည်။ ထို့ပြင် သေဆုံးသူများအပါအဝင် နိုင်ငံခြားသားများအနက် ထိခိုက် ဒဏ်ရာရရှိသူ ပေါင်း ၆၂၄၄ ဦးရှိကြောင်း သိရသည်။ အဆိုပါ အရေ အတွက်မှာ ယခင်နှစ်ကထက် ၅၇၂ ဦး တိုးပြီး ၁၃ နှစ်ဆက်တိုက်မြင့် တက်လာခြင်းဖြစ်သည်။   ဂျပန်လူမျိုးများ အပါအဝင်   ဂျပန်နိုင်ငံရှိ   အလုပ်လုပ်ကိုင်သူ အယောက် ၁၀၀၀ တွင်  လုပ်ငန်းခွင်မတော်တဆမှု ကြောင့် ထိခိုက်သေဆုံးသူအရေအတွက်မှာ ၂ ဒသမ ၃ ယောက်နှုန်းရှိ သည်ဟု ဆိုသည်။  မတော်တဆမှု ဖြစ်ပွားရသည့်  အကြောင်းရင်းများမှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ         အတွေ့အကြုံနည်းပါးခြင်း၊ ဆက်သွယ်မှုအားနည်းခြင်းနှင့်    ဘာသာစကားအခက်အခဲရှိခြင်းတို့ ကြောင့် ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။

ထို့ပြင် လုပ်ငန်းခွင်အန္တရာယ်များနှင့်ပတ်သက်ပြီး  ပညာပေးသင်ထောက်ကူပစ္စည်းများ အသုံးပြုကာ  နိုင်ငံခြားသားလုပ်သားများအား ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းပို့ချပေးရန် အဆိုပါ ဝန်ကြီးဌာနက ကုမ္ပဏီများကို တိုက်တွန်းထားသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ကုန်အထိ ဂျပန်နိုင်ငံတွင် အလုပ်လုပ်သော နိုင်ငံခြားလုပ်သားအရေ အတွက်မှာ စံချိန်တင် ၂ ဒသမ ၃ သန်း ကျော်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ပြောသည်။                                     

အင်န်အိတ်ချ်ကေ