ဂျပန်နိုင်ငံရဲ့ နေရာတော်တော်များများမှ ပြဌာန်းထားတဲ့ အရေးပေါ်အခြေအနေကို ဖျက်သိမ်းလိုက်ပြီ

၁၅ မေ

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ကိုရိုနာဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် ပြဌာန်းထားတဲ့ နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေကို တိုကျိုနဲ့ အိုဆာကာမှ လွဲပြီး ကျန်စီရင်စုတွေမှာ ထားရှိတဲ့ အမိန့်ကို မနေ့ကစပြီး ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

 

ဂျပန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးပြန့်ပွားနှုန်း ကျဆင်းပြီးနောက် စီရင်စု စုစုပေါင်း ၄၇ ခုထဲမှ ၃၉ ခုမှာ ချမှတ်ထားတဲ့ ကျန်းမာရေး အရေးပေါ်အခြေအနေတွေကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ မူလက အရေးပေါ်အခြေအနေကို မေ ၃၁ ရက်နေ့အထိ ချထားခဲ့တာ ဖြစ်ပါတယ်။

 

တိုကျို၊ အိုဆာကာ နဲ့ မြောက်ပိုင်းရှိ ဟိုကိုင်းဒိုး မှာတော့ နေ့စဉ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ ရှိနေကြောင်း၊ အဲဒီဒေသတွေမှာ အရေးပေါ်အခြေအနေ ဆက်လက်ထားရှိကြောင်း၊ အဲဒီဒေသတွေမှာလည်း မေ ၃၁ ထက်စောပြီး အရေးပေါ်အခြေအနေကို ရုပ်သိမ်းသွားမယ်လို့ ဝန်ကြီးချုပ် အာဘေးက ရုပ်မြင်သံကြားကနေတစ်ဆင့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

 

၁၂၆ သန်းသော ဂျပန်ပြည်သူတွေကို ဗိုင်းရပ်စ်ပိုးကူးစက်မခံရအောင် သတိထားနေရန် ဝန်ကြီးချုပ်က ဆော်ဩသွားပါတယ်။

 

ဂျပန်နိုင်ငံရဲ့ အရေးပေါ်အခြေအနေဆိုတာ အမေရိကန်နဲ့ ဉရောပနိုင်ငံတွေမှာ ချမှတ်တဲ့ အမိန့်လောက် မပြင်းထန်တာကို တွေ့ရပါတယ်။ ဒေသတွင်းအစိုးရတွေက လူတွေကို အိမ်ထဲမှာနေဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားဖို့သာ ညွှန်ကြားပေမယ့် မလိုက်နာတဲ့ သူတွေကို အပြစ်ပေးခြင်းမရှိတာကို တွေ့ရပါတယ်။

 

ဂျပန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံတဲ့ အရေအတွက်မှာလည်း ဉရောပနဲ့ အမေရိကန်နိုင်ငံတို့ထက် များစွာလျော့နည်းတာကို တွေ့ရပါတယ်။ ဂျပန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၆,၁၂၀ ဦးရှိပြီး သေဆုံးသူ ၆၉၇ဦးရှိကြောင်း  မေ ၁၅ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN
ကိုးကား - AFP