(၁၄-၁-၂၀၂၁၊ တိုကျိုမြို့)

၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) တားဆီးကာကွယ်ရေး အစီအမံ များကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုဝင်များအတွက် (၁၉) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) ကို မြန်မာသံရုံး၊ တိုကျိုမြို့ အနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း စီစဉ်ပေးခဲ့ရာ၊ လေယာဉ်  ပျံသန်းအမှတ်၊ NH 813 သည် ယနေ့ (၁၄-၁-၂၀၂၁) ရက် (ကြာသပတေးနေ့)၊ ၁၁၃၅ နာရီတွင် တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချောမောစွာ ထွက်ခွာ သွားခဲ့ပါသည်။ 

၂။ (၁၉) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည် အပတ်လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ အလုပ်သင် သင်တန်းပြီးဆုံးသူများ၊ မှီခိုသူ မိသားစုဝင်များနှင့် ဂျပန်နိုင်ငံဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် သင်္ဘောသားများ စုစုပေါင်း (၇၉) ဦး လိုက်ပါသွားခဲ့ ကြပါသည်။ 

၃။ ထို့ပြင် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် ဂျပန်နိုင်ငံမှ ပညာရှင်/ ကျွမ်းကျင်သူ ဝန်ထမ်းများ စုစုပေါင်း (၃၀)ဦး တို့လည်း လိုက်ပါ သွားကြပါသည်။
၄။ (၁၉) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအဆင်ပြေစွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူ များ၊ All Nippon Airways မှ ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများမှ လိုအပ်သည့်ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

Crd. Ministry of Foreign Affairs Myanmar