(၃၁-၁၂-၂၀၂၀၊ တိုကျိုမြို့)
၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ (COVID-19) တားဆီးကာကွယ်ရေး အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား များနှင့် မိသားစုများ အတွက် (၁၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)အား မြန်မာသံရုံး၊ တိုကျိုမြို့သည် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း စီစဉ်ပေးခဲ့ရာ လေယာဉ် ပျံသန်းအမှတ်၊ NH 813 သည် ယနေ့ (၃၁-၁၂-၂၀၂၀) ရက် (ကြာသပတေးနေ့)၊ ၁၁၃၅ နာရီတွင် တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့ပါသည်။
၂။ (၁၇) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတို ဗီဇာဖြင့် အလည်အပတ် လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည် မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ အလုပ်သင်သင်တန်း ပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များနှင့် ဂျပန်နိုင်ငံ ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် သင်္ဘောသားများ စုစုပေါင်း (၁၅၅) ဦး လိုက်ပါသွားခဲ့ကြပါသည်။
၃။ ထို့ပြင် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဂျပန်နိုင်ငံပညာရှင်/ ကျွမ်းကျင်သူ ဝန်ထမ်းများ စုစုပေါင်း (၂၁)ဦး တို့လည်း လိုက်ပါသွားကြပါသည်။
၄။ (၁၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေ စွာထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ သံမှူးကြီးနှင့် သံရုံးဝန်ထမ်းများ၊ All Nippon Airways မှ ဝန်ထမ်းများနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများမှ လိုအပ်သည့်ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။
Crd- Ministry of Foreign Affairs Myanmar


