ဇန်နဝါရီ ၁၂

 

ဂျပန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများတွင် ဇန်နဝါရီ ၁၂ ရက်မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၀၀ ကျော်ရှိလာသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

 

အိုကီနာဝါစီရင်စုတောင်ပိုင်းတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူ ၆၀ ရာခိုင်နှုန်းကျော်ရှိသည်။

 

ယမန်နေ့ကကျင်းပသော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အစည်းအဝေးတစ်ခုတွင် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ထိုကူးစက်ဖြစ်ပွားမှုအရေအတွက်ကို ဖော်ပြခဲ့သည်။

 

အိုကီနာဝါရှိ အမေရိကန်စစ်အခြေစိုက်စခန်းများရှိ ရောဂါကူးစက်ခံရသူ ၂၃၀၂ ဦးအပါအဝင် နိုင်ငံတစ်ဝန်းရှိ အမေရိကန်စစ်စခန်းများတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူ ၃၆၃၈ ဦးရှိကြောင်း အတည်ပြုခဲ့သည်။

 

ဂျပန်နှင့်အမေရိကန်နိုင်ငံအစိုးရတို့က ဂျပန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းအမှုထမ်းများအနေဖြင့် မလိုအပ်ပဲအပြင်ထွက်ခြင်းကို ကန့်သတ်ရန် သဘောတူညီခဲ့ကြသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို