၁၄ မေ

ဂျပန်အစိုးရက စီရင်စု ၃၉ ခုတွင် ထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေ ရုပ်သိမ်းရန် အစီအစဉ်နှင့် ပတ်သက်ပြီး အကြံပေးအဖွဲ့တစ်ဖွဲ့နှင့် တိုင်ပင်ဆွေးနွေးခဲ့သည်။

 

ယနေ့နံနက်တွင် ကူးစက်ရောဂါ ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့နှင့် တိုင်ပင်ဆွေးနွေးခဲ့သည်။

 

စီးပွားရေး ပြန်လည်ထူထောင်ရေးဝန်ကြီး နာရှိမီရာ ယိုဆူတိုရှီသည် စီရင်စု ၃၉ ၏ အရေးပေါ် အခြေအနေကို အဆုံးသတ်ရေးနှင့် ပတ်သက်သည့်အဖွဲ့၏ အကြံဉာဏ်ကို တောင်းခံခဲ့သည်။

 

အစိုးရသည် အဆိုပါ အစီအစဉ်နှင့်ပတ်သက်ပြီး ပုံမှန်ဘဝတွင် ကျင်လည်နေရသည့် အိမ်သားများထံသို့ မေးခွန်းများမေးပြီးနောက် ဦးဆောင်ကော်မတီသို့ တင်ပြမည်ဖြစ်သည်။

 

ညနေပိုင်းတွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ကြောင်း ပြည်သူထံသို့ ရှင်းပြမည့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်သည်။

 

ဂျပန်အစိုးရ၏ ကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့က ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ်မည်ဖြစ်သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်