၂၀ ဇူလိုင်

 

 

ဂျပန်နိုင်ငံ အနောက်ပိုင်း ရေဘေးသင့် မြို့တစ်မြို့ရှိ ကယ်ဆယ်ရေးစခန်း တစ်ခုက ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် လက်ခံနိုင်သည့် အရေအတွက် ထက်လျော့၍ နေရပ်ပြောင်းရွှေ့သူများကို လက်ခံနေရကြောင်း သိရသည်။

 

 

ယခုလ အစောပိုင်း ကတည်းက မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဟီတာနှင့် အိုရီတာ စီရင်စုတို့တွင် အိမ်ထောင်စုပေါင်း ၁၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ဇူလိုင်လ ၇ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း ၃၇ ခုတွင် ဒုက္ခသည်ပေါင်း ၆၁၀ နေထိုင်လျက်ရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

ခပ်ခွာခွာနေ စည်းမျဉ်းများ ထိန်းသိမ်းရန် ကယ်ဆယ်ရေး စခန်း၌ လက်ခံနိုင်သည့် လူအရေအတွက်ထက် ၆၀ ရာခိုင်နှုန်းခန့် လျော့ချခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

သိုသော်လည်း ဇူလိုင်လ ၆ ရက်နေ့တွင် အိုဆူရာခရိုင်ရှိ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိလာသူ အရေအတွက်မှာ သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက် ကျော်လွန်နေသောကြောင့်  အဆိုပါ ခရိုင်မှ ဘေးကင်းရာသို့ ပြောင်းရွေ့ပေးခဲ့ရသည်ဟု ဆိုသည်။

 

 

အဆိုပါ လေးဉီးကို အိမ်နီးချင်း ခရိုင်ရှိ အခြား ကယ်ဆယ်ရေး စခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

2429