နိုဝင်ဘာ ၂၁

ဂျပန်နိုင်ငံသို့ အောက်တိုဘာလတွင် နိုင်ငံခြားခရီးသွား ၃ ဒသမ ၃၁ သန်း စံချိန်တင်လာရောက်လည်ပတ်မှုရှိကြောင်း အစိုးရက ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါခရီးသွားဝင်ရောက်မှုအရေအတွက်သည် ၂၀၂၄ ခုနှစ် ဇူလိုင်လက နိုင်ငံခြားခရီးသွား ၃ ဒသမ ၂၉ သန်း စံချိန်တင်လာရောက်လည်ပတ်မှုထက် ပိုမိုများပြားသည်။

ယခုနှစ် အောက်တိုဘာလတွင် တရုတ်ပြည်မကြီးမှခရီးသွားဉီးရေ ၅၈၂၈၀၀ လာရောက်လည်ပတ်ခဲ့ရာ လွန်ခဲ့သောနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက နှစ်ဆကျော် ပိုမိုများပြားလာခြင်းဖြစ်သည်ဟု သိရသည်။

ဂျပန်နိုင်ငံသို့နိုင်ငံခြားခရီးသွားလာရောက်လည်ပတ်မှုအရေအတွက်သည် ယခုနှစ်အောက်တိုဘာလအထိ သန်း၃၀ ကျော်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို