၂၀ စက်တင်ဘာ


ဂျပန်နိုင်ငံသို့ နောက်ထပ်အင်အား ကြီးမားသည့် အပူပိုင်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာနေပြီ ဖြစ်သည်။ အဆိုပါ မုန်တိုင်းသည် တနင်္ဂနွေနေ့တွင် ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ပြီး ဒေသအများအပြားကို အကျိုးသက်ရောက်စေဖွယ်ရှိသည်။


မုန်တိုင်း Tapah သည် တောင်ဘက် အိုကီနာဝါတောင်ပိုင်း ဒေသကျွန်းစီရင်စုများကို ဖြတ်ကျော်ပြီးနောက် အနောက်ဘက်သို့ ရွေ့လျားမည်ဖြစ်ကြောင်း မိုးလေဝသ အေဂျင်စီက ပြောကြားခဲ့သည်။


အဆိုပါ မုန်တိုင်းသည် ယနေ့နံနက်ပိုင်းတွင် တစ်နာရီလျှင် ၁၀ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလျက်ရှိနေပြီးနောက် စနေနေ့ နံနက်ပိုင်းတွင် အီကီနာဝါ မြောက်ဘက်သို့ ရောက်ရှိမည်ဖြစ်ပြီး တနင်္ဂနွေနေ့တွင် ကျူရှူးကျွန်းတွင် လေပြင်းများ တိုက်ခတ်မည်ဖြစ်သည်။


တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် ဂျပန်နိုင်ငံ မြောက်ပိုင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ပြောကြားသည်။


အဆိုပါ မုန်တိုင်းသည် စနေနေ့တွင် အင်အားကောင်းလာပြီး အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၉၀ မှ ၁၆၀ ထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းလျက်ရှိသည်။


တနင်္ဂနွေနေ့တွင် ကျူရှူးကျွန်းနှင့် အိုကီနာဝါတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု မျှော်လင့်ရသည်။


စနေနေ့ နံနက်အထိ ၂၄ နာရီ ကာလအတွင်း မိုးရေချိန်မှာ ကျူးရှူးကျွန်းတောင်ပိုင်း၌ ၁၅၀ မီလီမီတာနှင့် အိုကီနာဝါကျွန်း၌ ၁၂၀ မီလီမီတာ ရွာသွန်းနိုင်ပါသည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်