ဒီဇင်ဘာ ၂၀
ဂျပန်နိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုအရေအတွက် သန်း ၂၀ ကျော်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှုများပြားခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
နိုဝင်ဘာလက နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၂ ဒသမ ၄၄ သန်းရှိရာ နိုင်ငံခြားခရီးသွားအရေအတွက် ၂ သန်းကျော်ရှိလာသည်မှာ ခြောက်လဆက်တိုက်ရှိပြီဖြစ်ကြောင်း ဂျပန်ခရီးသွားလုပ်ငန်းအဖွဲ့က ပြောကြားသည်။
အဆိုပါနိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ဇန်နဝါရီလမှစတင်ကာ နိုင်ငံခြားခရီးသွားဝင်ရောက်မှုအရေအတွက် ၂၂ ဒသမ ၃၃ သန်းကျော်ရှိလာသည်ဟု သိရသည်။
လွန်ခဲ့သောလက ဂျပန်နိုင်ငံသို့ဝင်ရောက်သောနိုင်ငံခြားခရီးသွားများတွင် တောင်ကိုရီးယားနိုင်ငံမှ ၆၄၉၉၀၀၊ ထိုင်ဝမ်မှ ၄၀၃၅၀၀၊ တရုတ်နိုင်ငံမှ ၂၅၈၃၀၀၊ ဟောင်ကောင်မှ ၂၀၀၄၀၀ တို့ပါဝင်ကြောင်း ဖော်ပြထားသည်။
နိုဝင်ဘာလကဝင်ရောက်သောနိုင်ငံခြားခရီးသွားများတွင် နိုင်ငံနှင့် ဒေသ ၁၃ ခုမှ လာရောက်သူအများဆုံးဖြစ်ပြီး ၎င်းတို့တွင် တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အမေရိကန်တို့ပါဝင်သည်။ ဂျပန်နိုင်ငံသို့ တရုတ်နိုင်ငံမှခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောလေးနှစ်က ဂျပန်နိုင်ငံသို့လာရောက်သောတရုတ်ခရီးသွားဦးရေ၏ သုံးပုံတစ်ပုံခန့်သာရှိကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို