စက်တင်ဘာ ၁၉

ဂျပန်နိုင်ငံတွင် ဩဂုတ်လအတွင်း နိုင်ငံခြားခရီးသွား ၂၉၃၃၀၀၀ စံချိန်တင်ဝင်ရောက်မှုရှိရာ အစောပိုင်းနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် ၃၆ ဒသမ သုည ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အစိုးရအဖွဲ့က ယနေ့တွင် သတင်းအချက်အလက်ဖော်ပြထားသည်။

အဆိုပါခရီးသွားဝင်ရောက်မှုသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီ ၂၀၁၉ ခုနှစ် ဩဂုတ်လကထက်  နိုင်ငံခြားခရီးသွား ၁၆ ဒသမ ၄ ရာခိုင်နှုန်းပိုမိုဝင်ရောက်ခဲ့သည်ဟု ခရီးသွားလုပ်ငန်းအဖွဲ့က ပြောသည်။

တရုတ်ပြည်မကြီးမှခရီးသွား ၇၄၅၈၀၀  ဝင်ရောက်မှုရှိရာ ခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး ၎င်းနောက်တွင် တောင်ကိုရီးယားနိုင်ငံမှခရီးသွားဝင်ရောက်မှု  ၆၁၂၁၀၀  ရှိသည်ဟု သိရသည်။

ဇန်နဝါရီလမှဩဂုတ်လအတွင်း နိုင်ငံခြားခရီးသွား ၂၄ သန်းကျော် ဝင်ရောက်မှုရှိသဖြင့် လွန်ခဲ့သောနှစ်အလားတူကာလက နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှ ၅၈ ဒသမ သုည ရာခိုင်နှုန်း တိုးလာကြောင်း ထိုအဖွဲ့ကပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို