တိုကျို ဇွန် ၁၆

 

ပြီးခဲ့သည့် မေလအတွင်းက ဂျပန်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားအရေအတွက် ၁၄၀၀၀၀ ကျော်ရှိခဲ့ ကြောင်း သိရသည်။

 

မေလအတွင်း ဂျပန်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားဦးရေ ၁၄၇၀၀၀ ရှိခဲ့ကြောင်း ဂျပန် အမျိုးသားခရီးသွား လုပ်ငန်းအဖွဲ့က ပြောကြားသည်။ အဆိုပါ နိုင်ငံခြားသားများအနက် ဗီယက်နမ်နိုင်ငံမှ ၃၉၀၀၀ ဖြစ်ကြောင်းနှင့် အဆိုပါအရေအတွက်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားမီကာလ ဖြစ်သည့် ၂၀၁၉ ခုနှစ် မေလအတွင်း လာရောက်သည့် အရေအတွက်နှင့် တူညီမှုရှိကြောင်း ၎င်းတို့က ဆက်လက်ပြောသည်။

 

တိုးမြှင့်လက်ခံခဲ့ ဧပြီ ၁၀ ရက်တွင် နိုင်ငံခြားသား ခရီးသွားဦးရေကို တစ်ရက်လျှင် ၇၀၀၀ မှ ၁၀၀၀၀ အထိ တိုးမြှင့် လက်ခံခဲ့သည့်အတွက် ယခုကဲ့သို့ ခရီးသွားအရေအတွက် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

အစိုးရက ဇွန် ၁ ရက်တွင် နိုင်ငံခြားသားခရီးသွားများ နေ့စဉ်ဝင်ရောက်မှု ကန့်သတ်ချက်ကို ၂၀၀၀၀ အထိ နှစ်ဆတိုးခဲ့သည့်အတွက် လာမည့်လများတွင် နိုင်ငံခြားသား ခရီးသွားအရေအတွက် ထပ်မံတိုးလာဖွယ်ရှိကြောင်း သိရသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်