ဖေဖော်ဝါရီ ၂၀

ဂျပန်နိုင်ငံတွင် ယခုနှစ်ဇန်နဝါရီလအတွင်း နိုင်ငံခြားခရီးသွား ၃ ဒသမ ၇၈ သန်း ဝင်ရောက်မှုရှိရာ နိုင်ငံခြားခရီးသွားလစဉ်ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း ဂျပန်အမျိုးသာခရီးသွားလုပ်ငန်းအဖွဲ့ ( ဂျေအင်န်တီအို )က ယမန်နေ့က အချက်အလက်ဖော်ပြထားသည်။

နှစ်သစ်ကူးပွဲတော်အတွင်း တရုတ်နိုင်ငံပြည်မကြီးမှ ခရီးသွားများဝင်ရောက်မှု သိသိသာသာမြင့်တက်လာရာ ဇန်နဝါရီလအတွင်းလာရောက်လည်ပတ်သောတရုတ်ခရီးသွားဦးရေ ၉၈၀၃၀၀ ရှိပြီး ယမန်နှစ်ကထက် နှစ်ဆပိုမိုများပြားခဲ့သည်ဟု သိရသည်။

အမေရိကန်နိုင်ငံနှင့် ဉရောပနိုင်ငံများမှခရီးသွားများလည်း ဇန်နဝါရီလအတွင်း လာရောက်လည်ပတ်မှု စံချိန်ချိုးခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင် မကြာသေးမီက လေယာဉ်မတော်တဆမှုနှင့် အခြား အာရှဒေသများတွင် ဘေးကင်းလုံခြုံမှုစိုးရိမ်ဖွယ်ရာအခြေအနေကဲ့သို့သောအချက်များကြောင့် တရုတ်ခရီးသွားများသည် ဂျပန်နိုင်ငံကို ရွေးချယ်ခြင်းဖြစ်နိုင်ကြောင်းဖော်ပြထားသည်။ ဂျပန်အစိုးရက ၂၀၃၀ တွင် ခရီးသွား သန်း ၆၀ ဆွဲဆောင်ရန် ရည်မှန်းထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို