ဇွန် ၂၀

ဂျပန်နိုင်ငံ၌ ယခုနှစ်မေလအတွင်း နိုင်ငံခြားခရီးသွား လာရောက်လည်ပတ်မှုသည် အစောပိုင်းနှစ်ကထက် ပိုမိုများပြားခဲ့ပြီး နိုင်ငံခြားခရီးသွားဦးရေ ၃ ဒသမ ၇ သန်းအထိရှိရာ ခရီးသွားဝင်ရောက်မှု စံချိန်တင်မြင့်မားခဲ့ကြောင်း အစိုးရအဖွဲ့က ဇွန် ၁၈ က ဖော်ပြထားသည်။

ဂျပန်နိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှ ခရီးသွားဦးရေ ၈၂၅၈၀၀ ဝင်ရောက်မှုရှိရာ ၁၁ ဒသမ ၈ ရာခိုင်နှုန်းအထက်ရှိပြီး ၎င်းနိုင်ငံပြီးလျှင် တရုတ်နိုင်ငံမှခရီးသွားဝင်ရောက်မှု ၇၈၉၉၀၀ ရှိကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့၏ပြောကြားသည်။

ယခုနှစ်ဇန်နဝါရီလမှမေလအတွင်း နိုင်ငံခြားခရီးသွား ၁၈ ဒသမ ၁ သန်းခန့် လာရောက်လည်ပတ်မှုရှိရာ ၂၀၂၄ ခုနှစ် အလားတူကာလက ခရီးသွားဝင်ရောက်မှုထက် ၂၃ ဒသမ ၉ ရာခိုင်နှုန်းပိုမိုခဲ့သည်ဟု သိရသည်။

ကိုးကား-ကျိုဒို

ဘာသာပြန်-မြင့်မြင့်ချို