ဇူလိုင် ၂၀

ဂျပန်နိုင်ငံသို့ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြားခရီးသွား ၁၀ ဒသမ ၇၁ သန်း ဝင်ရောက်ခဲ့သည်ဟု အစိုးရအဖွဲ့၏ယမန်နေ့ကထုတ်ပြန်သော အချက်အလက်အရသိရသည်။

အဆိုပါနိုင်ငံခြားခရီးသွားဝင်ရောက်မှုအရေအတွက်သည် ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီကာလ  ခရီးသွားဝင်ရောက်မှုအရေအတွက်၏ ၆၄ ဒသမ ၄ ရာခိုင်နှုန်း ညီမျှကြောင်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် အလားတူကာလက ခရီးသွား ၅၀၇၆၃၀ ဝင်ရောက်မှုထက် ပိုမိုများပြားကြောင်း ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းက ပြောကြားသည်။

နိုင်ငံခြားခရီးသွားဝင်ရောက်မှု ဇွန်လတစ်လအတွင်းမှာပင် ၂ ဒသမ ၀၇ သန်းရှိကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီမှ ဇွန်လအတွင်း နိုင်ငံရပ်ခြားသို့ထွက်ခွာသည့် ဂျပန်နိုင်ငံသား ၃ ဒသမ ၆၁ သန်းရှိရာ ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီကာလ ပြည်ပနိုင်ငံများသို့သွားရောက်သည့် ဂျပန်နိုင်ငံသားအရေအတွက်၏ ၃၇ ဒသမ ၉ ရာခိုင်နှုန်းသာရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို