ဂျပန်နိုင်ငံထုတ် ကားများအပေါ် ယခုအချိန်ထိ အခွန်စည်းကြပ်ရန် မရှိဟု သမ္မတ ထရန့်ဆို

ယခုအချိန်ထိ  ဂျပန်နိုင်ငံထုတ် ကားများအပေါ် အခွန်စည်းကြပ်ရန် အစီအစဉ်မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ သို့သော်လည်း အနာဂတ်ကာလအတွင် စည်းကြပ်ခွန်ကောက်ခံရန် စဉ်းစားဖွယ်ရှိကြောင်း ၎င်းက သတိခဲ့သည်။ 

ပြင်သစ်နိုင်ငံတွင် ပြုလုပ်သည့် G7 ထိပ်သီးအစည်းအဝေးပွဲအပြီး ထရန့်သည် တနင်္လာနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အောက်ပါအတိုင်း အဆိုပါ မှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။  

အမေရိကန်-ဂျပန်ကုန်သွယ်ရေး ဆွေးနွေးမှုများမှာ နှစ်နိုင်ငံစလုံးအတွက် အံ့သြစရာကောင်းသည့် ရလဒ်များ ထွက်ရှိလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

G7 ထိပ်သီးဆွေးနွေးပွဲပြင်ပတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ရရှိခဲ့သည့် အခြေခံသဘောတူညီချက်များကို ရည်ညွှန်းဖော်ပြခြင်းဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံစေ့စပ်ကုန်သွယ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများတွင် အဓိက ပြဿနာမှာ အလိုအလျောက် ပေးဆောင်ရသည့် အခွန်ဖြစ်သည်။ 

တရုတ်နှင့် ကုန်သွယ်ရေးအငြင်းပွားမှုများအပေါ် တိုးတက်မှုများ ရရှိရန် မျှော်လင့်လျက်ရှိကြောင်း ထရန့်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အလွန်ဆိုးရွားသော စာချုပ်ကို အလိုရှိကြောင်း ၎င်းကဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသပြန်-မေဇော်ထက်

 

mdn